Monday, August 23, 2010

ကမ္ဘာလုံးပွဲ/ ကွဲ

ကမ္ဘာလုံးပွဲ/ ကွဲ
ခရမ်းပြာထက်လူ



ကိစ္စများမြောင် လူတို့ဘောင်မှာ
ဘောင်တွေ ထွက်ပြေးသွားကြတယ်
စည်းတွေ ရေတိုက်စားသွားကြတယ်

မတော်တဆတွေ အဆပေါင်းများစွာနဲ့
တည်ထွင်မှုတွေ ထွက်ပြေးသွားကြ
မတော်တဆတွေ အဆပေါင်းများစွာနဲ့
ဖျက်ဆီးမှုတွေ ပြေးဝင်လာကြ

Sunday, August 22, 2010

ကိုယ်ပိုင်လွမ်းချင်း

နို့ရွာတွေမှာက တော်တန်ဟင်းချက်စရာလောက်တော့ ဝယ်စရာလိုဘူး။ ကိုယ့်ခြံထဲမှာလည်း ဝါးရုံတွေကနေ မျှစ်အမျိုးအမျိုးကိုရနိုင်တယ်။ တညင်းသီးပင်ရှိတယ်။ ရှောက်ပင်၊ သံပုရာပင်တွေမှာဆို မခူးနိုင်လို့ ပင်အောက်မှာ ပုပ်ပွနေတာပဲ။ ခရမ်းကစော့တို့၊ ငရုတ်တို့ဆိုတာလည်း ဆယ့်နှစ်ရာသီရအောင် စိုက်ထားတာလေ။ ပင်စိမ်း၊ နံနံပင်၊ မြင်းခွာရွက် အဲလိုပင်လေးတွေကလည်း ခြေချမတတ် ပေါက်နေတာ။ ဒီတော့ ဟင်းချက်စရာ ဘယ်ဝယ်စရာလိုသေးလဲ။ မီးဖိုပေါ် ထမင်းအိုးလေးတင်လိုက်၊ ဟင်းပုတ်ရွက်နဲ့