Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, August 23, 2010

ကမ္ဘာလုံးပွဲ/ ကွဲ

ကမ္ဘာလုံးပွဲ/ ကွဲ
ခရမ်းပြာထက်လူ



ကိစ္စများမြောင် လူတို့ဘောင်မှာ
ဘောင်တွေ ထွက်ပြေးသွားကြတယ်
စည်းတွေ ရေတိုက်စားသွားကြတယ်

မတော်တဆတွေ အဆပေါင်းများစွာနဲ့
တည်ထွင်မှုတွေ ထွက်ပြေးသွားကြ
မတော်တဆတွေ အဆပေါင်းများစွာနဲ့
ဖျက်ဆီးမှုတွေ ပြေးဝင်လာကြ